ကောင်းနေတုန်းမှာ အလှဆင်ပါ

ဘ၀ဆိုတာ
အခိုက်တန့်လေးပဲလို့သိထားပါ ။

ဘယ်လောက်အောင်မြင်ခဲ့ပါစေ
အရာမ၀င်တဲ့အခါ ရှိလာအုံးမှာပါပဲ ။

ဘယ်လောက်ပဲ ထက်ခဲ့ပါစေ
အရည်သွေးညံ့တဲ့အခါ ရှိအုံးမှာပါပဲ ။

ဘယ်လောက် ကျန်းမာခဲ့ပါစေ
နာလာမယ့်အခါ ကြုံရအုံးမှာပါပဲ။

ခန္ဓာဟာ အကောင်းဘက်ကနေ
မကောင်းတဲ့ဘက်ကို
အမြဲတမ်းပဲ ရွေ့လျားနေပါတယ် ။

ပိုင်ဆိုင်ထားတဲ့ အခွင့်ရေးတွေကို
ကောင်းတဲ့ဘက်မှာအကျိုးပြုနိုင်မှ
ဘ၀အတွက် အဓိပ္ပါယ်ရှိနိုင်ပါတယ်။

ဘ၀မေ့ပြီး မာန်တက်နေခြင်းဟာ
ကိုယ့်ဘ၀ကို အောက်တန်းရောက်ဖို့
ကြိုးစားနေတာနဲ့အတူတူပါပဲ ။

ကောင်းတဲ့ စိတ်ထားမြတ်တွေနဲ့
ကိုယ့်ဘ၀နဲ့ လောကကြီးကို
ပြုပြင်အလှဆင်နိုင်မှတန်ဖိုးရှိပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏