ကြောက်မက်ဖွယ်ဖျက်ထုတ်ခံခဲ့ရတဲ့ ဗန်ဒီဘိခ်

ဒွန်နီ ဗန်ဒီဘိခ်ဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်အတွင်းမှာ ကြောက်မက်ဖွယ် ဖျက်ထုတ်မှုကို ခံခဲ့ရတာကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် မျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

အဲရစ် တန်ဟက်ရဲ့ အသင်းအတွက် ပွဲစဉ်တွေက လျင်မြန်ပြီး ကြပ်လာပြီဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟာ အင်္ဂါနေ့ညနေမှာ ယခုရာသီရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်း နှောင်းပိုင်းမှာ ဗန်ဒီဘိခ်ဟာ ဘုန်းမောက် နောက်ခံကစားသမား မားကို့စ် ဆီနီဆီရ့ အရုပ်ဆိုးတဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီး အိုးထရက်ဖို့ဒ်က စိုစွတ်တဲ့ ကွင်းအခြေအနေကြောင့် ဘုန်းမောက်ကစားသမားဟာ အရှိန်မထိန်းနိုင်ဘဲ ချော်သွားခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ရဲ့ ခြေထောက်ဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နောက်ကို ကွေးသွားခဲ့ပြီး မြက်ခင်းပြင်ပေါ်ကို အလွန်အမင်း နာကျင်မှုကြောင့် လဲကျသွားခဲ့ပြီးနောက် ယူနိုက်တက်ဆေးအဖွဲ့ရဲ့ကုသမှုကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ မတ်တပ်ပြန်ထရပ်နိုင်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်းထဲကနေ အကူအညီနဲ့ ထွက်ခွာသွားနိုင်ခဲ့ပေမယ့်လည်း ပရိသတ်တွေက ၎င်းရဲ့နာမည်ကို ကြွေးကြော်ပြီး လက်ခုပ်တီးအားပေးနေချိန်မှာ ခေါင်းကို လက်နဲ့အုပ်ပြီး ဝမ်းနည်း ကြေကွဲနေတာကို မြင်တွေ့ခဲ့ရပါတယ်။

Credit