ကြိုကြာနီနဲ့သရဲနီတို့ထိပ်တိုက်တွေ့တဲ့အင်္ဂလန်ဒါဘီ

လီဗာပူး Vs မန်ယူ
အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးပွဲစဥ်တပွဲဖြစ်တဲ့လီဗာပူးအသင်းနဲ့မန်ချက်စတာယူနိက်တက်အသင်းတို့ဟာယနေ့ည ၁၁နာရီမှာ လီဗာပူးရဲ့အိမ်ကွင်းအန်ဖီးလ်မှာယှဥ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်”

ကြိုးကြာနီတို့ဟာ ပရီးမီးယားလိဂ်မှာအခြေအနေပြန်ကောင်းလာပေမယ့်အကောင်းဆုံးပုံစံတော့မရှိသေးပါဘူး။အထူးသဖြင့်မိုဆာလာ .နူနက်ဇ်တို့ လိုအပ်ချက်တွေရှိပါသေးတယ်။နောက်ဆုံးပရီးမီးယားလိဂ်၅ပွဲမှာ၃ပွဲနိင်၁ပွဲသရေ၁ပွဲရှုံးထားတဲ့ကြိုးကြာတို့ဟာ နောက်ပိုင်းမှာခြေစွမ်းပြန်တည်ငြိမ်လာတယ်ဆိုပေမယ့် အခုသူတို့ရင်ဆိုင်ရမယ့်အသင်းသရဲနီတို့ဟာလည်းရလဒ်ကောင်းတွေရရှိနေတဲ့အသင်းဖြစ်တာမို့ကြိုးကြာတို့အတွက်လွယ်ကူနေမယ့်ပွဲမဟုတ်ပါဘူး”

သရဲနီတို့ကတော့ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး၁၁ ပွဲစလုံးမှာ မရှုံးခဲ့ဘဲ ၉ ပွဲနိုင်ထားတာပါ။တန်ဟက်ရဲ့အသင်းဟာအောက်တိုဘာနှောင်းပိုင်းကတည်းက ပွဲတိုင်းဂိုးရသလိုအသင်းလိုက်စိတ်ဓာတ်ကလည်းအမြင့်ဆုံးမှာ ရှိနေပါတယ်။ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှု၅ကြိမ်မှာလီဗာပူးကအသာရခဲ့ပေမယ့်လက်ရှိအသင်းရဲ့​ခြေစွမ်းစိတ်ဓာတ်ပိုင်းအရ သရဲနီတို့ကသာလွန်နေပါတယ်”

သို့ပေမယ့် ကြိုးကြာနီနဲ့သရဲနီဆိုတာ အင်္ဂလန်ဒါဘီလို့ဆိုရလောက်အောင် ပြိုင်ဆိုင်မှုပြင်းထန်ပြီး ကြိုးကြာနီတို့အနေနဲ့လည်း ပထမအကျော့ကအကြွေးကိုပြန်ဆပ်ဖို့အစွမ်းကုန်ကြိုးစားလာမှာပါ”
သရဲနီတို့ကလည်း လက်ရှိခြေစွမ်းတွေအရ ပြန်လည်တိုက်စစ်ဆင်ကာ ကစားလာမှာမို့ တိုက်စစ်ပိုင်းမှာဂိုးသွင်းသေချာတဲ့ယူနိုက်တက်ကိုအားပေးချင်ပါတယ်။

Credit