ကြက်ပင်စိမ်းခရုဆီလေး ချက်စားရအောင်😋😋😋

ဒီနေ့မှာ pct ပရိတ်သတ်ကြီးအတွက် ကြက်ပင်စိမ်းလေးချက်စားကြရအောင် 😍😍😍😍 ကြက်သားကို အရိုးလွတ်စဉ်းကောလေးလှီးပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပတဲကော၊ ဆိပ်ဖူးဥတို့နဲ့ ဆီသတ်ချက်ထားတဲ့ ကြက်သားပင်စိမ်းဟင်းက အလွန်ထူးခြားတဲ့ အနံ့

အရသာကို ဖြစ်စေပါတယ်။ အဆုံးသတ်မှာ ထိုင်းပင်စိမ်းနဲ့ နှမ်းဆီမွှေးအနည်းငယ် အုပ်လိုက်တာကလည်း ထူးခြားတဲ့ အနံ့နဲ့ အစာစားချင်တဲ့ စိတ်ကိုလည်း နှိုးဆွပေးပါတယ်။ ခရုဆီတစ်မျိုးတည်းနဲ့လည်း ချက်လို့ရသလို ပဲငံပြာရည်အကြည်/ အနောက်တို့ဖြင့်လည်း ရောထည့်ချက်ပြုတ်နိုင်ပါတယ်။ တချို့က ပဲတောင့်ရှည်ကို အမျိုးမျိုးလှီးပြီး ထည့်ချက် ကြတာလည်းရှိပါတယ်။ မိမိကြိုက်နှစ်သက်သလို ပြင်ဆင်ချက်ပြုတ်လို့ ရပါတယ်။ ကဲ… ” ကြက်ပင်စိမ်း ခရုဆီချက်” လေး ချက်ကြည့်ကြရအောင်…OK…

ပါဝင်ပစ္စည်းများ

ကြက်သား –  ၂၅၀ ဂရမ် (နုပ်နုပ်စဉ်းပါ)

ကြက်သွန်ဖြူ –  ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ငရုတ်သီးနီ –  ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ငရုတ်သီးစိမ်း –  ၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ပတဲကော –  ၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ဆိပ်ဖူးဥ –  ၅ ဂရမ်

ပင်စိမ်းရွက် –  ၃၀ ဂရမ်

ခရုဆီ –  ၂  ဇွန်း

ကြက်ပြုတ်ရည် –  ၅၀ မီလီလီတာ

နှမ်းဆီမွှေး –  အနည်းငယ်

ပဲဆီသန့် –  ၃ ဇွန်း

ပြုလုပ်နည်း

၁ ။       ဒယ်အိုးကို အပူပေးပြီး ပဲဆီသန့်နှင့် ကြက်သွန်ဖြူ၊ ငရုတ်သီးနီ၊ ငရုတ်သီးစိမ်း၊ ပတဲကော နှင့် ဆိပ်ဖူးဥတို့ကို မွှေးလာသည်အထိ ဆီသတ်ထားပါ။

၂။         ဟင်းခတ်အမွှေးအကြိုင်များ မွှေးလာလျှင် အသင့်အရသာသွင်းထားသော ကြက်သား စဉ်းကောကို ဦးစွာထည့်ချက်ပါ။ ပြီးလျှင် ခရုဆီနှင့် ကြက်ပြုတ်ရည် ထည့်၍ ၃ မိနစ်ခန့် ထည့်ချက်ပါ။

၃။        ကြက်သားကျက်လျှင် ထိုင်းပင်စိမ်းရွက်အုပ်၍ သမအောင် မွှေပေးပြီး နှမ်းဆီမွှေး အနည်းငယ်ထည့်၍ အဆုံးသတ်ပါ။