ကြက်တက်ကျေးရွာတွင် အကြမ်းဖက်သမားများ၏လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်တွင် ရွှေဘိုမြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ကြက်တက်ကျေးရွာအား ဝင်ရောက် ရှင်းလင်းရာ ကျေးရွာရှိစာသင်ကျောင်းနှင့် ကျေးရွာအနီး သုဿာန်မှ PDF များ အသုံးပြုထားရှိသော

  • လက်လုပ်စိန်ပြောင်း ၁ လက်
  • လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး
  • လက်လုပ်သေနတ် ၂ လက်
  • လက်လုပ်ရှော့တိုက်ပြောင်း ၂၈ ခု
  • လက်လုပ်ရှော့တိုက်ဒုံးသီး ၁၀ လုံး
  • ၁၂ ဗို့ ဘက္တရီ ၅ လုံး
  • အရှည်ပေ ၂၀၀ ခန့်ရှိ ဝါယာကြိုး ၁ ခွေ
  • ဘော့စေ့ (၅၀)လုံးပါ ၅၄ ဘူး
  • ကား ၁ စီး
  • ထိပ်တုံး ၁ ခု
  • ဆိုင်ကယ်မျိုးစုံ ၁၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။