ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်စေရေး ဆရာမိဘ ပူးပေါင်းပေး

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေခံပညာကျောင်းများတွင် ယနေ့ မေလ ၂၃ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
လာမည့် ဇွန်လ ၃ ရက်နေ့တွင် အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ KGတန်းမှ Grade-12 အတန်းများထိ  ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့ ကျောင်းမဖွင့်မီကာလအထိ သတ်မှတ်ထားပါတယ်။

ဒါကြောင့်မို့ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်နိုင်စေရေး ဆရာမိဘပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။