ကျားဖြူစစ်ကြောင်းနဲ့ DKBA (၉၀၇) အကွဲအပြဲသတင်း

KNLA လက်အောက်က ကျားဖြူစစ်ကြောင်းမှာ Justice Soldier PDF အဖွဲ့ဆိုပြီး တစ်စင် ထောင်နေတဲ့ ကိုဇွဲကို DKBA (၉၀၇) အဖွဲ့က လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်…

ကိုဇွဲရဲ့ အသက်အန္တရာယ်အတွက် ကျားဖြူစစ်ကြောင်းက ဒုရင်းမှူး ကိုဝင်းဇော်လေးက စိုးရိမ်တကြီးဖြစ်နေပေမဲ့ ကိုဇွဲကတော့ DKBA ရင်း ၉၀၇ ကို ဂရုစိုက်စရာမလိုကြောင်းနဲ့ ရင်း ၉၀၇ ရင်းမှူး ဗိုလ်စိန်ဝင်းနဲ့ အဆက်အသွယ်ရှိသလို ရင်း ၉၀၇ အဖွဲ့က ရဲဘော်အချို့က Justice Soldier အဖွဲ့ထံလာရောက်ပူးပေါင်းဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်…

ကိုဇွဲအနေနဲ့ Facebook Live လွှင့်ပြီး သူ့ရဲ့ ရပ်တည်ချက်နဲ့ သူ့အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးနိုင်မှုကြောင့် ကျားဖြူစစ်ကြောင်းမှာ အားကိုးရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ သူ့ကို လုပ်ကြံသတ်ဖြတ်မယ့်သူတွေကို ဂရုမစိုက်ကြောင်း ပြောကြားလျက်ရှိပါတယ်…