ကောလင်းမြို့နယ်၊ ဗဟင်းကျေးရွာအနီးတွင် KIA/PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ် ၂ နာရီခန့်တွင် ကောလင်းမြို့နယ်

ဗဟင်းကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းမှုများ ပြုလုပ်လျက်ရှိရာ

KIA/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

လုံခြုံရေးအဖွဲ့များသည် အဖျက်အမှောက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော

KIA/PDF အကြမ်းဖက်သမားများအား ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ KIA/PDF အကြမ်းဖက်သမားများ

အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါတယ်။ လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက်သမားများ ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက်လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာမှ—

-KIA/PDF အလောင်း—- ၁ လောင်း၊

-၄၀ မမ ဗုံးပစ်လောင်ချာတွဲသေနတ်– ၁ လက်၊

-၄၀ မမ ဗုံးသီး —–၇ လုံး၊

-ကျည်အိမ် ———၁ ခု၊

-ကျည်ကာဦးထုပ် —-၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပြီး

လုံခြုံရေးအဖွဲ့များမှ ထိခိုက်မှုမရှိကြောင်း သိရှိရပါတယ်။