PDF ထောင်ထားသည့်ဗုံးပေါက်ကွဲမှုကြောင့် (၅) နှစ်ကလေးနှင့် အဖေဖြစ်သူသေဆုံး

မတ်လ (၁၈) ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကမ္ဘောဇဘဏ် (၂) အနီးတွင် PDF အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့်ဗုံး ပေါက်ကွဲမှုကြောင့် ကြိုးသုံးပင်ရပ်ကွက်နေ မောင် David Thang Sian Vaan အသက် (၅)နှစ်နှင့် ၎င်း၏ ဖခင်ဖြစ်သူ သုံးဘီးဆိုင်ကယ်(ဆိုက်တွဲ) ယာဉ်မောင်း ဦး Pa Thang Suan Pau တို့သားအဖ နှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ #Crd