ကမ္ဘာ့ဖလားက ထူးထူးခြားခြားမော်ရိုကိုအသင်း

ယနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်၊ တက်ရောက်ခဲ့တဲ့ (၄) သင်းအားယှဉ်ပြိုင်ကစားခဲ့ပြီးနောက် နောက်ဆုံးယှဉ်ပြိုင်ကစားမှာတော့ မော်ရိုကိုနဲ့ ပြင်သစ်ပွဲစဉ်ပဲဖြစ်ပါတယ်…ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနား အသင်းဟာ ခရိုအေးရှားအသင်းအား ယနေ့မှာ အနိုင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်..

ကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက် မှာထူးခြားတဲ့ အသင်းတစ်သင်းကတော့ မော်ရိုကိုအသင်းပဲဖြစ်ပါတယ်..

မောရိုကိုအသင်းဟာ အာဖရိကအသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့ဖလားအဆင့် (၂၂)နေရာမှာတည်ရှိနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်….အဆင့် (၂၂) အသင်းဟာ ကမ္ဘာ့ဖလားရဲ့ နာမည်ကြီးအသင်း တွေကို အနိုင်ယူခြိမ်းခြောက်ပြီး ယနေ့မှာတော့ ဆီမီးဖိုင်နယ် အဆင့်သို့တက်ရောက်လာတဲ့ ထူးခြားတဲ့အသင်းတစ်သင်းပါ။

မနက် ၁နာရီ ၃၀ ပွဲစဉ်မှာ မော်ရိုကိုအသင်းနဲ့ ပြင်သစ်အသင်းတို့ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်..

ဒီပွဲစဉ်မှာ ပြင်သစ်အသင်းအနေနဲ့ မော်ရိုကိုအသင်းကိုအထင်သေးလျှော့တွက်မိရင်တော့ ကြီးမားတဲ့ ဆုံးရှံးမှုနဲ့ နောင်တတွေ ရရှိသွားမှာပဲဖြစ်ပြီး…မော်ရိုကိုအသင်းအနေနဲ့လည်း ဖလားရရှိရေးအတွက် ပြင်သစ်အသင်းကို ရေကုန်ရေခမ်း ကစားသွားမှာဖြစ်ပါတယ်..

တစ်ဖက်က ပြင်သစ်အသင်းရှိ တိုက်စစ်မှုး အမ်ပက်ပီ ဟာလည်း သွင်းဂိုးတွေသွင်းယူနေနိုင်တဲ့ ကစားသမားကောင်းတစ်ဉီးလည်းဖြစ်ပါတယ်…ကဲ..ဒီလိုရေကုန်ရေခမ်းယှဉ်ပြိုင်ကြမယ့် ဒီပွဲလေးကို စောင့်ကြည့်ရင်တောင် ကြည့်ရကျိုးနပ်မယ့်ပွဲစဉ်လေးဖြစ်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…