ကပစ-၃ မှ တပ်ဖွဲ့ဝင် ၂၀ ကျော် ထွက်ပြေးတယ်လို့ မြေလတ်အသံ မှ သတင်းအတုရေး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာအခြေစိုက် အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၃)ကနေ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လတာအတွင်း တပ်ဖွဲ့ဝင် ၂၀ ကျော် တပ်ကိုစွန့်ခွာထွက်ပြေးနေတယ့် မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ ၂ လတာအတွင်း ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာအခြေစိုက် ကပစ-၃ တွင် တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ ထွက်ပြေးခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ မြေလတ်အသံ မှ တပ်ဖွဲ့ဝင်များအကြား အထင်အမြင်လွဲမှားအောင် လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းသာဖြစ်ပါတယ်။