ကင်မရာနောက်ကွယ်က သတ်ဖြတ်မှုလား


အသက် ၇၉ နှစ်အရွယ် Bashir al-Hajji ဆိုတဲ့ လူချစ်လူခင်ပေါများပြီး ဖြူစင်တဲ့ စိတ်နှလုံးထားရှိတဲ့ ပါလက်စတိုင်းအဖိုးအိုတဦးဟာ အစ္စရေးစစ်သားက သူ့ကို ဟန်ဆောင်ကူညီမှုကို ခံခဲ့ရပြီး ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးဖို့ အတွက် အသုံးချခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဖိုးအိုကို ကူညီပေးနေဟန် ဓာတ်ပုံရိုက်ကူးပြီးနောက် အစ္စရေးစစ်သားတွေဟာ အဖိုးအိုရဲ့ မိသားစုဝင်တွေရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။