🚨AA အဖွဲ့ပိုင်မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိ🚨

AA အဖွဲ့ပိုင်မူးယစ်ဆေးဝါးများအား မုံရွာ-ပုသိမ်လမ်းကို အသုံးပြု၍ တောင်ကုတ်သို သယ်ဆောင်လိမ့်မည်ဟု တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ဖမ်းဆီးရန် စောင့်ဆိုင်းနေစဉ် ဇွန်လ ၁၆ ရက် မနက် ၄ နာရီခန့်၊ မိုင်တိုင် ၁၃၉ တွင် မသင်္ကာဖွယ် ကျား ၁၀ ဦး(ဗမာ ၁၊ ရခိုင် ၉)အား စစ်ဆေးမေးမြန်းခဲ့ပါသည်။

မေးမြန်းချက်အရ ကျောက်တော်မြို့နေ AA အဖွဲခေါင်းဆောင်(စိစစ်ဆဲ) တစ်ဦးပိုင်ဆိုင်သည့် (WY) မူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ဘက်သို့ ပို့ဆောင်မှာဖြစ်လို လာရောက် သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများအား ရေကျော်ရွာအုပ်စု၊ ရွှေပြည်သာရွာရှိ တောင်ယာတဲတွင် သိုဝှက်ထားကြောင်း သိရှိရသည်။

ဆက်လက်ရှာဖွေရာ တောင်ယာတဲအတွင်းမှ ဆာလာအိတ်အဖြူ(၁၂)အိတ်ဖြင့် ထုတ်ပိုးထားသော (WY) မူးယစ်ဆေးပြား (၁၁၆၀၀၀၀)(တစ်သန်းကျော်) သိမ်းဆည်းရမိပြီး သယ်ဆောင်သူ (၁၀)ဦးအား တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ခင်ညိုချော