မန်စီးတီးအသင်းသည် အယ်လ်ဗာရက်ဇ်(၂၄ နှစ်)ကို ၂၀၂၂ ခုနှစ်တွင် ရေးဗားပလိတ်အသင်းထံမှ ယူရို(၁၇)သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည်။ အာဂျင်တီးနားလက်ရွေးစင်အသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်လာသည့် အယ်လ်ဗာရက်ဇ်ကို မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့သည်။ အယ်လ်ဗာရက်ဇ်သည် မန်စီးတီးအသင်းတွင် ပွဲကစားခွင့် ပိုမိုရရှိရန် လိုလားသော်လည်း နော်ဝေတိုက်စစ်မှူး ဟာလန်း၏နောက် ဒုတိယဦးစားပေးအဖြစ်သာ ရပ်တည်နေရသည့်အတွက်…