ဧပြီလ ၂ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်စခန်းသို့ နေရာ ၆ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိ။

ကယားပြည်နယ်

ဖားဆောင်းမြို့ မီးသတ်ရုံးသို့ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား(စိစစ်ဆဲ)အဖွဲ့က စနိုက်ပါဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

မွန်ပြည်နယ်

ရေးမြို့နယ် မာန်အောင်တောင်ကြောရှိ ဥယာဉ်ခြံနေရာတစ်ဝိုက်တွင် KNLA နှင့် အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ ကြိုတင်ပစ်ခတ်ချေမှုန်း၍ သွားရောက်ရှင်းလင်းခဲ့။

လက်နက် ၅ လက်၊ ကျည် ၁၅ တောင့်၊ အမ်(၄) ကျည်အိမ် ၂ ခုနှင့် တဲ ၂ လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့။

ကရင်ပြည်နယ်

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းအနီး KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

တနင်္သာရီတိုင်း

လေညာမြို့နယ် ကျားချောင်းကျေးရွာ ဝန်းကျင်တစ်ဝိုက် အကြမ်းဖက်အဖွဲ့များ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းစဉ် ၎င်းရွာသို့အရောက် KNU နှင့် အကြမ်းဖက် ပူးပေါင်းအင်အား ၁၀ ဦးခန့်က ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

အမ်(၁၆) ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၅၅ တောင့်၊ ပြောက်ကျားအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

ဖောင်းပြင်မြို့နယ် ကျွန်းကုန်းပြည်သူ့စစ်ကျေးရွာသို့ နေရာ ၄ နေရာမှ အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ခန္တီးမြို့နယ် လောင်ငေါက်ကျေးရွာအဝင် ဆုံဆည်းရာ စားသောက်ဆိုင်အနီး၌ NSCN(K)(ခွဲထွက်)အဖွဲ့ ENNO/ENDA အဖွဲ့များ ဆက်ကြေးကောက်ခံလျက်ရှိကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့။

အကြမ်းဖက် ၁ လောင်း၊ အမ်အေ(၅) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၉ တောင့် သိမ်းဆည်းရမိခဲ့။