အောက်တန်းကျတဲ့ လုပ်ရပ်များနဲ့ အကြမ်းဖက် KNU/PDF များ

အောက်တိုဘာလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် အကြမ်းဖက် KNU/PDF များမှ ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ဝင်းကြီး ဆေးရုံကုန်းရှေ့ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက် KNU/PDF များ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အ.ထ.က(ခွဲ) ဝင်းကြီး နေ့လည်ကျောင်းလွတ်နေချိန်နှင့်ဆုံ၍ ကျောင်းသူ ကလေးငယ် ၄ ဦးမှာ ဗုံးစထိမှန်ခဲ့ကြောင်း၊ ထိုကျောင်းသူ ၄ ဦးစလုံးမှာ ဆေးရုံသို့ရောက်ရှိသွားခဲ့ပြီး ဆေးရုံရောက်ချိန်တွင် ကျောင်းသူတစ်ဦးမှာ အသက်ဆုံးရှုံးသွားခဲ့ရကြောင်း စိတ်မကောင်းစွာ သတင်းရရှိပါသည်။

ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှုမှာ ကမ္ဘာမှာပင် မရှိသလောက်ရှားပါးနေပြီး NUG လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှ တစ်ကြိမ်မက အထပ်ထပ်အခါခါ လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး မြန်မာ့အရေးစောင့်ကြည့်နေသာ အဖွဲ့အစည်းများနှင့် မီဒီယာများအနေဖြင့် မည်သို့စကားသံထွက်လာမလဲ စောင့်ကြည့်ရမည်ဖြစ်သည်။