အကျဉ်းထောင်ကားကို အလစ်တိုက်ခိုက်ပြီး အကျဉ်းသားကိုခေါ်ထုတ်သွား

ပြင်သစ်မှာ မျက်နှာဖုံးတွေစွပ်ထားတဲ့ လက်နက်ကိုင်အချို့က Mohamed A ကို တင်ဆောင်လာတဲ့ အကျဉ်းထောင်ကားကို ချုံခိုတိုက်ခိုက်ခဲ့ရာမှာ ပြင်သစ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။ ကားနဲ့ ဝင်တိုက်ပြီးတော့ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး Incarville တိုးဂိတ်မှာ ဖြစ်ပွားခဲ့တာပါ။

လက်နက်ကိုင်တွေနဲ့အတူ အကျဉ်းသား Mohamed A လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သူဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လူသတ်ရန်ကြိုးပမ်းမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး တရားစွဲခံထားရတာပါ။