ဟားမတ်စစ်သွေးကြွအုပ်စုက အစ္စရေးကို အကြီးကျယ်ဆုံးအဖြစ် ဒုံးကျည်များဖြင့်တိုက်ခိုက်

ပါလက်စတိုင်း အစ္စလမ်မစ်အုပ်စု ဟားမတ်က အောက်တိုဘာ(၇)ရက်စနေနေ့တွင် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုအဖြစ် အစ္စရေးကို တိုက်ဂါဇာနှင့်အစ္စရေးတို့တွင် လူပေါင်း ၄၀၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုင်ငံတွင် စစ်ဖြစ်နေပြီဖြစ်ပြီး ပြင်းထန်စွာပြန်လည်တိုက်ခိုက်မည်ဟု ပြောခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုအပေါ် ကမ္ဘာတစ်လွှားမှ အမျိုးမျိုးတုန့်ပြန်ခဲ့ကြပါတယ်။ အနောက်နိုင်ငံအများစု၊ယူကရိန်းနှင့် အိန္ဒိယတို့က အစ္စရေးကို တိုက်ခိုက်မှု အပေါ်ရှုတ်ချလိုက်ကြပြီး အစ္စရေးနှင့်အတူတကွစည်းလုံးစွာ ရှိကြရန်ပြောဆိုခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း အီရန်လို နိုင်ငံတွေက ဂုဏ်ယူစရာစစ်ဆင်ရေးအဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။ ကာတာကလည်း အကြမ်းဖက်မှုတွေအရှိန်မြင့်တင်လာမှုမှာ အစ္စရေးကသာ တာဝန်ရှိတယ်လို့ ပြောလာပါတယ်။