သထုံမြို့နယ်၊ သိမ်ဆိပ်တွင် ဇန်နဝါရီ၃၁ရက်နေ့ ညနေ ၆ နာရီက သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ယာဥ်မောင်း ကောင်းဟိန်းစံ မောင်းနှင်လာသောဟွန်ဒါဖစ်အနက်ရောင်၊ယာဥ်အမှတ်7P/7815 ကိုရပ်တန့်စစ်ဆေးခဲ့ရာ…
ယာဥ်ပေါ်လိုက်ပါလာသူ ဇံချိုဝင်း၏ ဘေးလွယ်အိပ်မြင်းချီးရောင်အတွင်းမှ GLock ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ကျည်ခြောက်တောင့်၊၄၀မမဗုံးသီးတစ်လုံး၊MG5လက်ပစ်ဗုံးတစ်လုံး၊၅.၅၆ ကျည်တစ်တောင့်၊အရိုးအသွား ရှစ်လက်မခန့်ရှိချွန်ထက်သောအရာတစ်ခု၊အရိုးအသွား ခြောက်လက်မခန့်ရှိဓားတစ်လက်တို့စစ်ဆေးတွေ့ရှိဖမ်းဆီးရမိခဲ့သည်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-01_09-01-12-2.jpg?resize=500%2C440&ssl=1)