မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် (၂) နယ်စပ်ဂိတ်ဖြစ်တဲ့ ရိဒ်နယ်စပ်ဂိတ်ကို ဇူလိုင် ၂၅ ရက်နေ့ကစလို့ အိန္ဒိယအာဏာပိုင်တွေဘက်က ယာယီပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတစ်ဆင့် ရိဒ်နယ်စပ်ဂိတ်ကနေအိန္ဒိယနိုင်ငံထဲ တရားမဝင်ပစ္စည်းတွေ တင်သွင်းနေတယ်ဆိုတဲ့ တိုင်ကြားမှုတွေအပေါ် ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုက လာရောက်စုံစမ်းနေတာကြောင့် ယာယီပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ရိဒ်နယ်စပ်ဂိတ်ဟာ အိန္ဒိယဘက်က မိဇိုရမ်ခေါ်ဒါရ်မြို့နဲ့ မြန်မာဘက် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တစ်ခု…