၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ချိန်ခန့်တွင် ညောင်လေးပင်ခရိုင်၊ ပိန်းဇလုပ်ဘူတာနှင့် သူဌေးကုန်းဘူတာကြားရှိ သာယာကုန်းအရှေ့ဘက် ကြိတ်ကွင်းကျေးရွာအနီးရှိ မြန်မာ့မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ်ရှိ ၁၀၃/၆၊ တံတားအား အကြမ်းဖက်အဖွဲများမှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် မြန်မာ့မီးရထားမှ လက်ရှိပြေးဆွဲ မောင်းနှင်အသုံးပြုလျက်ရှိသော အနောက်ဘက်ခြမ်းရှိ မီးရထားသံလမ်းမှာ ၇၀ ပေနှင့် ၁၀၀ ပေကြား ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/viber_image_2024-02-21_13-23-45-090.jpg?resize=640%2C295&ssl=1)