မြတ်စွာဘုရားလက်ထက်ကဗာရာဏသီပြည်ကနေသာဝတ္ထိပြည်ကိုကုန်လာရောင်းတဲ့ကုန်သည်ကြီးတစ်ယောက်ရှိတယ်တဲ့…သူရောင်းတာကဝတ်ပန်းအထည်လေးတွေ၊သာဝတ္ထိမှာမြစ်ရေကြီးနေတော့တစ်ဖက်ကမ်းလည်းကူးမရ၊မြစ်ရေကျ ပြန်တော့လည်းအထည်တွေကရောင်းမရပြန်ဘူးတဲ့…အဲဒီတော့သာဝတ္ထိမှာပဲမိုးလေးလ၊ဆောင်းလေးလ၊နွေလေးလအခြေချ ပြီးကုန်ရောင်းတော့မယ်လို့ဆုံးဖြတ်လိုက်တယ်တဲ့…တစ်နေ့မှာမြတ်စွာဘုရားဆွမ်းခံကြွလာတော့အဲဒီကုန်သည်ကြီးကိုမြင်ပြီးရှင်အာနန္ဒာကိုအခုလိုပြောတယ်တဲ့…“အာနန္ဒာ…အဲဒီကုန်သည်ကြီးဟာနောက်ထပ်(၇)ရက်နေပြီးရင်သေရတော့မယ်”တဲ့…ကုန်သည်ကြီးကတော့စီမံကိန်းကြီးဆွဲထားလိုက်တာ၊ မိုးမှာဘာလုပ်မယ်၊ဆောင်းမှာဘာလုပ်မယ်နဲ့မကြာခင်သေရတော့မှာသူ့ခဗျာ မသိရှာဘူး… အရှင်အာနန္ဒာကသူ့ကိုသနားလွန်းတော့နောက်နေ့မနက်မှာသူ့ဆီကိုဆွမ်းခံကြွသွားပြီးအခုလိုတရားဟောတယ်တဲ့…“ဒကာကြီး…အသက်အန္တရာယ်ဆိုတာအလွန်သိနိုင်ခဲတယ်၊ဒါကြောင့် မမေ့မလျော့နေသင့်တယ်”တဲ့…ကုန်သည်ကြီးကလည်းအလွန်ပါးနပ်သူဆိုတော့အရှင်အာနန္ဒာရဲ့မျက်နှာအရိပ်အကဲကြည့်ပြီး…“အရှင်ဘုရား…တပည့်တော်မှာအသက်အန ္တရာယ်ရှိနေပြီလား?ပွင့်ပွင့်လင်းလင်းပဲပြောပါဘုရား”တဲ့…အဲဒီတော့မှအရှင်အာနန္ဒာကလည်းမြတ်စွာဘုရားမိန့်ကြားချက်အတိုင်းနောက်(၇)ရက်မှာကုန်သည်ကြီးသေရတော့မှာကိုပြောပြလိုက်တယ်တဲ့… အဲဒီအခါကုန်သည်ကြီးဟာအလွန်ထိတ်လန့်တုန်လှုပ်သွားပြီးအားကိုးရာရှာတဲ့အနေနဲ့ဘုရားအမှူးရှိတဲ့သံဃာတော်တွေကို(၇)ရက်တိတိ ဆွမ်းကပ်တယ်တဲ့… မြတ်စွာဘုရားက-လောကမှာအသိဉာဏ်နုံ့နည်းပြီး မိုက်မဲကြသူတွေဟာ နွေအခါဘယ်လိုနေမယ်၊ မိုးအခါဘယ်လိုနေမယ်၊ဆောင်းအခါဘယ်လိုနေမယ်ဆိုပြီး စီမံကိန်းချပြီးတွေးနေကြတယ်တဲ့… […]