မောင်တောမြို့မှာ ဆန်အိတ်များထောက်ပံ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ အိမ်ထောင်စုဝင်များ စားရေးအထောက်အကူဖြစ်စေရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မောင်တောမြို့၊ ရပ်ကွက်(၁)ရှိ အိမ်ထောင်စု ၁၉၀ စု၊ ရပ်ကွက်(၂)ရှိ အိမ်ထောင်စု ၆၁၃ စု၊ ရပ်ကွက်(၃)ရှိ အိမ်ထောင်စု ၁၀၄ စု၊ ရပ်ကွက်(၄)ရှိ အိမ်ထောင်စု ၁၈၇ စု၊ ကညင်တန်းရပ်ကွက်ရှိ အိမ်ထောင်စု ၆၀၆ စုနှင့် မောင်နီရပ်ကွက်ရှိ အိမ်ထောင်စု ၃၁၉ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၀၁၉ စုတို့အတွက်  အိမ်ထောင်စု ၁ စုလျှင် ဆန်အိတ် ၁ အိတ်နှုန်းဖြင့် ဆန်အိမ်ပေါင်း ၂၀၁၉ အိတ် ထောက်ပံ့ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။