မေလ ၂၂ ရက်နေ့ တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်

မံစီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၁၅၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် ၃ လောင်း၊ ကေအေ ၁ လက်၊ ကျည်အိမ် ၃ ခု၊ ပဒင်အမျိုးအစားသေနတ် ၁ လက်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့။

ကယားပြည်နယ်

လွိုင်လင်လေးမြို့ မီးသတ်ကုန်းသို့ KNPP နှင့် အကြမ်းဖက် ပူးပေါင်းအင်အား ၁၀ ဦးခန့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး KNPP ၄ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၉ တောင့် သိမ်းဆည်းရမိခဲ့။

ရခိုင်ပြည်နယ်

သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းသို့ နေရာ ၃ နေရာ AA သောင်းကျန်းသူအင်အား ၁၇၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်များ ထိခိုက်ကျဆုံးများစွာဖြင့် အလောင်းများ၊ ဒဏ်ရာရသူများအား သယ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့။ မိမိထိခိုက်မှုမရှိ။

စစ်ကိုင်းတိုင်း

ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းကျေးရွာအတွင်း နယ်မြေဝင်ရောက်ရှင်းလင်းစဉ် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၁ လုံးအတွင်းမှ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ ရှော့တိုက်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၆ လုံး၊ ယမ်းမှုန့် ၂ ပိဿာ၊ ရီမုဆားကစ် ၈ ခု၊ အေကေကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။

ဖောင်းပြင်မြို့နယ် နန်းပန်ကျေးရွာ၏အနောက်တောင်ဘက်သို့အရောက် PDF ၅၀ ဦးခန့်က ၁ ကြိမ်၊ အင်အား(စိစစ်ဆဲ) က Drone ၃ စီးဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး PDF ၁ လောင်း၊ လက်လုပ်သေနတ်အရှည် ၃ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၅ လုံး၊ လက်လုပ် ၄၀ မမဗုံးသီး ၄ လုံး၊ ၁ ယောက်ပစ်ကျင်း ၂၀ ကျင်း၊ သစ်လုံးဘန်ကာ ၆ လုံး သိမ်းဆည်းရမိခဲ့။

ချင်းပြည်နယ်

တွန်းဇံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသောနေရာများသို့ နေရာ ၄ နေရာမှ CNF ၁၈၀ ဦးခန့်က ၁ ကြိမ်၊ ၂၀ ဦးခန့်က ၁ကြိမ်၊ Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြင်းထန်စွာ တုန့်ပြန်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။

#တိုက်ပွဲသတင်းစုံ