မေလ ၁၇ ရက်နေ့ တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်
-မံစီမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခု၏ အနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနှင့် KIA/PDF သကသ ၃၀၀ ခန့်တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူယူ၍ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။

KIA/PDF ၁ လောင်း၊ AK သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရမိပြီး မိမိဘက် စစ်သည် ၂ ဦး ဒဏ်ရာရရှိ။

-အလားတူ မံစီမြို့နယ်အတွင်းရှိ တပ်ရင်းဌာနချုပ် နေရာ ၂ ခုအား KIA/PDF အင်အား(စုံစမ်းဆဲ)မှ အဝေး ၂ နေရာမှ နှောင့်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရှိရ။

-ထို့အတူ ဗန်းမော်မြို့နယ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းနှင့် KIA/PDF သကသ ၉၀ ဦးခန့်တို့ ဗန်းမော်မြို့၏ တောင်ဘက် မီတာ ၇၀၀၀ ခန့်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူပြန်လည် ဆုတ်ခွာ သွားခဲ့၊ မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရ။

-ဗန်းမော်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် ၂ ခုနေရာသို့ KIA အဖွဲ့မှ ရှော့တိုက်ဒုံး ၇ လုံးပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရပြီး လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရ။

-မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် ၁ ခုအား KIA/PDF သကသ ၁၅၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။

အလားတူ မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် KIA/PDF သကသ ၅၀ ဦး တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ရှော့တိုက်ဒုံး ၁၂ လုံး၊ ၆၀ မမ ၂၅ လုံးတို့ဖြင့် အဝေးမှ နှောင့်ယှက် တိုက်ခိုက်၊ မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ရန်သူအား တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။

KIA အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ ခေါင်းဆောင် Rခေါင်လွမ်း ကျဆုံးမှုကို မကျေနပ်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းနေသော KIA အဖွဲ့များအား ပြန်လည်စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသောလည်း တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန်နေမှုများကြောင့် အကျအဆုံးများပြားလျက်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရ။

ကယားပြည်နယ်

လွိုင်လင်လေးဒေသ၊ ထီးစဲခါးတံတား လုံခြုံရေးအဖွဲ့အား KNDF/PNLA အဖွဲ့မှ Drop Bomb ၅ လုံး ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ထိခိုက်မှုမရှိကြောင်း သိရှိရ။

ကရင်ပြည်နယ်

ဖာပွန်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်နှင့် စစ်ဆေးရုံအား KNLA တမဟ (၅) သကသအဖွဲ့မှ Drop Bomb ၂၄ လုံး ကြဲချသဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရှိရ။

ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ်အတွင်းရှိ တပ်ရင်းဌာနချုပ် ၁ ခုနှင့် ကာကင်းနေရာများအား AA အကြမ်းဖက် သောင်းကျန်းသူ ၅၀ ဦးခန့်သည် Drop Bomb ၆ လုံးကြဲချပြီး တိုက်ခိုက်လာသဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရှိရ (မိမိထိခိုက်မှုမရှိ)။

စစ်ကိုင်းတိုင်းဒေသကြီး

-သတင်းအရ ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာအား ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမား ၁၅ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားပြီး မိမိထိခိုက်မှုမရှိ၊ အကြမ်းဖက် ၆ လောင်း၊ လုပ်သေနတ် ၉ လက်၊ ကျည် ၅၀၀ ကျော်၊ လက်ပစ်ဗုံး ၆ လုံး၊ Drop Bomb ၁ လုံး၊ ယမ်းမှုန့် ၈ ပိဿာ၊ ဒီတိုနေတာ ၁၀၂ ချောင်း၊ တဲ ၃ လုံး၊ အိုင်ကွန် ၇ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီး၊ ဆန် ၂ အိတ် သိမ်းဆည်းရမိပြီး အကြမ်းဖက်သူများ မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရ။

မန္တလေးတိုင်းဒေသကြီး
-PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးနေသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုကြောင့် မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာအနီးရှိ မသင်္ကာဖွယ်တဲ ၁ လုံးအား ဝင်ရောက်ရှင်းလင်းရာ အမျိုးသား ၁ ဦး ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရပြီး ၁၂ ဘိုးလ် သေနတ် ၁ လက်၊ ကျည် ၁၈ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁ လုံးနှင့် အတူ အသေဖမ်းဆီးရမိပြီး တဲအတွင်းမှ ဆိုင်ကယ် ၁၀ စီး၊ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် တွင်ခုံ ဆက်စပ်ပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိကြောင်း သိရှိရ။