မန္တလေးမှာ အုပ်စုဖွဲ့ ဓားထောက်လုယက်နေတဲ့ တရားခံ ၄ ဦးအားဖမ်းဆီးရမိ

မန္တလေးမြို့ပေါ်ရှိ လူအသွားအလာနည်းပါးသည့် နေရာများတွင် အုပ်စုဖွဲ့၍ တန်ဖိုးကြီး ဆိုင်ကယ်များအား ဓါးထောက်လုယက်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြသည့် ချမ်းမြေ့အောင်(ခ) ဒေါက်ဒေါက် (၂၂)နှစ် ၊ တိုးဝေ(ခ) တိုးတက် (ခ) အားထစ် (၁၇)နှစ်၊ ရဲဝင်းအောင် (၁၇)နှစ်၊ ကျော်ကြီး (ခ) ကျော်ကျော်မြင့် (၁၈)နှစ်တို့ (၄)ဦးတို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။