ခမရ ၃၁၇ ရန်သူ KIA တို့သည် လဂျားယန်ရှိ တပ်မတော်သားများအား ရိက္ခာပြတ်လပ်၍ ဆင်းရဲဒုက္ခ ဖြစ်စေရန် ပတ်လည်ဝိုင်းအင်အားတိုး ပိတ်ဆို့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
လက်နက်ကိုင်သောင်းကျန်းသူတို့၏နယ်မြေဒေသအတွင်း အချုပ်အခြာအာဏာအားထိပါးလာမှုတိုင်းရင်းသား ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေမှုနှင့်ပြည်ထောင်စုကြီးပြိုကွဲအောင် လုပ်ဆောင်နေမှုတို့အား ကချင်ပြည်နယ်၏ ရေခဲသည့် အအေးဒဏ်ကိုကြံ့ကြံ့ခံရင်း ကာကွယပေးနေရသူများမှာ မြန်မာ့တပ်မတော်သားများသာ ဖြစ်သည်။
လဂျားယန် ဒေသ၌ ရန်သူအခိုင်အမာခံစစ်ယူထားသော ပွိုင့် ၇၇၁ တောင်ကုန်းနယ်မြေသည် အမြင့်ဆုံးဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို စိုးမိုးထားသည်။ ရန်သူသည် ပင်မခံစစ်ကုန်းကို ကာကင်းစခန်းများ
ဝန်းရံလျက် ၎င်းကုန်းပေါ်မှနေ၍ လဂျားယန်ကိုဆက်လက် ပိတ်ဆို့ထားခြင်းကြောင့် ယင်းနယ်မြေအား မဖြစ်မနေ တိုက်ခိုက်ရမည့်အခြေအနေရောက်ရှိလာခဲ့သည်။
မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်နှင့်
တပ်မတော်အတွက် အသက်ပေးတာဝန်ထမ်း
ဆောင်ခဲ့သော အံ့မခန်းရဲစွမ်း သတ္တိရှိသူ တပ်ကြပ်
အောင်သိန်းအား လက်ရှိကာလနှစ်ပေါင်း ၂ဝ ကျော်
အတွင်း နိုင်ငံတော်မှပေးအပ်ခဲ့သည့် တပ်မတော်၏
စွမ်းရည်သတ္တိဆိုင်ရာ ဒုတိယအမြင့်ဆုံး ဘွဲ့ထူး၊
ဂုဏ်ထူးဖြစ်သော သီဟသူရဘွဲ့အား ၂ဝ၁၄ ခုနှစ်
ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၆၆)နှစ်မြောက်
လွတ်လပ်ရေးနေ့၌ ပေးအပ် ချီးမြှင့်ခြင်းဖြင့်
ဂုဏ်ပြုခဲ့သည်။
.
တပ်ကြပ်အောင်သိန်း သည် ယခင်စခန်းသိမ်း
တိုက်ပွဲများဖြစ်သော ဗန်းမော်-လွယ်ဂျယ်ဒေသ၊
ယောယုံစခန်းသိမ်း တိုက်ပွဲ၊ ပွိုင့် ၁၅ဝဝ စခန်းသိမ်း
တိုက်ပွဲများတွင်လည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့၍
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့်ခြင်း
ခံထားရသူလည်း ဖြစ်သည်။
.
“တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက်
အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်
သည်။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်
များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်
ရမည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ
အတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင်
တပ်မတော်က ကူညီရမည်”ဟု ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ-၃၃၇၊ ၃၃၉ နှင့် ၃၄၁တို့၌ ပြဋ္ဌာန်းထားသည်။
.
နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏
ကာကွယ်ရေးတာဝန်အား ဦးစီးဦးဆောင်ပြုမည့်
တိုင်းရင်းသား ပြည်သူတို့၏ အသက်အိုးအိမ်ကို
အမြဲထာဝရ ကာကွယ်စောင့်ရှောက်နေသည့်
တပ်မတော်သည် တပ်ကြပ်အောင်သိန်း ကဲ့သို့သော တပ်မတော်သားများဖြင့် ဖွဲ့စည်းထားသော တပ်မတော် ဖြစ်သည်။
.
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ကို
ပဓာနမထားပဲ့ ရဲဝံ့ပြတ်သားသည့် ရဲစွမ်းသတ္တိ
ရှိသော တပ်မတော်သားများ မြောက်မြားစွာ
ရှိကြောင်းကိုလည်း နိုင်ငံတော် လွတ်လပ်ရေး
ရပြီးချိန်မှစ၍ ယနေ့အထိ နိုင်ငံတော် ပြန်တမ်း
ထုတ်ပြန်၍ ချီးမြှင့်ခဲ့သော စွမ်းရည်သတ္တိဆိုင်ရာ
ဘွဲ့ထူး၊ ဂုဏ်ထူးမှတ်တမ်းများက သက်သေခံ
လျက်ရှိသည်။
.
တပ်မတော်သားတိုင်း နေ့စဉ် နှလုံးသားဖြင့်
ရွတ်ဆိုနေသည့် သစ္စာအဓိဋ္ဌာန် (၄) ချက်မှ
နောက်ဆုံးအချက်ဖြစ်သော 👇
‘‘ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်
အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်
ပြုပါ၏” ဆိုသောအချက်ကို တပ်မတော်သားတိုင်းက
အပြောမဟုတ်၊ အလုပ်ဖြင့် အမြဲမှတ်ကျောက်တင်
ခံနေသမျှ ကမ္ဘာတည်သရွေ့ မြန်မာပြည်တည်
နေမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း သီဟသူရဘွဲ့
ရရှိခဲ့သူ တပ်ကြပ် အောင်သိန်းအတွက် မှတ်တမ်းတင်
ဂုဏ်ပြုရေးသား လိုက်ရပါသည်။
(မင်းမော်)
Related