မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသော PDF များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ၎င်းကျေးရွာတဝိုက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
PDF များထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများမှာ–
- တဲ ၁၀ လုံး
- ဗုံးခိုကျင်း ၁ ခု
- လေ့ကျင့်ရေးကွင်း ၁ ကွင်း
- လက်လုပ်သေနတ် ၁၂ လက်
- လက်လုပ်ရှော့တိုက်ဗုံးသီး ၅ လုံး
- လက်လုပ် Drop ဗုံး ၁၁ လုံး
- ယမ်းမှုန့် ၁ ထုပ်
- အီကွေးမန့် ၂ စုံ
- ခါးပတ်ကြီး ၈ ခု
- ဘတ်တံဆိပ် ၂ ခု
- ပြောက်ကျား ယူနီဖောင်း ၄ စုံ
- ဆေးမျိုးစုံ ၁ အိတ်
- မီးစက် ၁ လုံး
- ဝရိန်စက် ၁ လုံး
- သံဖြတ်စက် ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။