နေပြည်တော်ရှိ ပြည်သူတွေအပြင် လက်ရှိ/အငြိမ်းစား ဝန်ထမ်းတွေကိုပါ အိမ်ခန်းများ ငှားရမ်းပေးမည်

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြိုနယ်၌ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် သုခဝတီပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ပြည်သူတွေအပြင် လက်ရှိဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် ငှားရမ်းပေးတော့မှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ငှားရမ်းဖို့အတွက် လျှောက်လွှာတွေကို မေလ ၄ ရက်ကနေ ၁၉ ရက်အထိ ရောင်းချပေးမှာဖြစ်ပြီး နေပြည်တော်ရုံးအမှတ် ၄၀ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေနှင့် အိမ်ရာဌာနခွဲမှာ ဝယ်ယူနိုင်မှာဖြစ်သလို လျှောက်လွှာတွေကိုတော့ မေလ ၁၀ ရက်ကနေ ၂၆ ရက်အထိ လက်ခံပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။