တရားမဝင် မော်တော်ယာဥ်နှင့်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

ဇွန် ၁၂ ရက်တွင် ကရင်ပြည်နယ်၌ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) ၌ ဘားအံမြို့မှ နေပြည်တော်သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင် စားအုန်းဆီ နှစ်လီတာပါဘူး ၆၀၀ နှင့် ဆပ်ပြာမှုန့် ၂၅ ကီလိုဂရမ်ပါ ၁၈ အိတ်၊ Honda Motorcycle (Used) သုံးစီး အပါအဝင်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၃၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၃၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၁၂ ရက်တွင် ရှမ်းပြည်နယ်၌ စစ်ဆေးမှုများဆောင်ရွက်ရာတွင် မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် All in One PC Monitor ၁၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် တာဂွကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၅) အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၈၉၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၇၆၀၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Ipsum တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၈၇၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်ရွှေပြည်သာရပ်ကွက်၊ (၅) အိမ်စု၊ သီတာလှေဒေါင့်အနီး၌ ထိုင်းနိုင်ငံထုတ် ငါးဖမ်းပိုက် ၅၄၀၉ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းသုံးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၇၇၄၂၃ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁)၊ ၁၃၃ x ၁၃၄ လမ်းကြား၊ ၆၃ (အေ) လမ်း၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Mirror with Frame ၅၁၇ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄၃၈၀၅၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၄၃၈၀၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၃၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး၌ စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၈၇၇ တန်၊ သစ်မာ ၀ ဒသမ ၈၄၆ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၉၁၀၆၉ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။သို့ဖြစ်၍ ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်း မှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၈၈၉၁၄၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#crd_PAN