တပ်နဲ့ပြည်သူမြဲကြည်ဖြူ ဖျက်ရန်ဟူသမျှချေမှုန်းကြဆိုတဲ့ ဆောင်ပုဒ်လေးဟာ တပ်မတော်နဲ့ပြည်သူ စည်လုံးညီညွတ်နေရင် ဘယ်လိုရန်မျိုးကိုမဆို အတူတကွတွန်းလှန်တိုက်ထုတ်နိုင်တယ်လို့ ရည်ညွှန်းထားခြင်းဖြစ်ပါတယ်။ အခုလည်း ပြည်ပနိုင်ငံအချို့ အဖွဲ့အစည်းအချို့နဲ့ ပြည်ပကပေးစာကမ်းစာတွေကို မှီခိုနေရတဲ့ လူတစ်ချို့ အဖွဲ့အစည်းတစ်ချို့ နိုင်ငံရေးသမားတွေနဲ့ အစွန်းရောက်သမားတွေကြောင့် ပြည်တွင်းမှာ အကြမ်းဖက်သောင်းကျန်းမှုတွေလုပ်ဆောင်နေကြတဲ့ PDF အကြမ်းဖက် သမား တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့တွေကို တွန်းလှန်တိုက်ထုတ် သုတ်သင်ချေမှုန်းပေးနေတဲ့ အမိမြေကို ကာကွယ်ပေးနေတဲ့ ရှေ့တန်းရောက် တပ်မတော်သားတွေကို တပ်မတော်အားပေးထောက်ခံတဲ့ပြည်သူတွေနဲ့ တပ်မိသားစုတွေက စားသောက်စရာများ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးနေကြပါတယ်.။ ဒါဟာလည်း နိုင်ငံ့တာဝန်ကို တစ်ထောင့်တစ်နေရာက နိုင်တဲ့ဘက်ကနေ ကူညီထမ်းရွက်ပေးနေတာဖြစ်သလို တပ်မတော်နောက်မှာ ပြည်သူတွေမားမားမတ်မတ်ရပ်တည်နေကြပြီဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်.။ တရားသောစစ်ကိုဆင်နွဲနေကြသော ပြည်သူ့တပ်မတော်သားများအားလုံး ဘေးဘယာဝေးကွာပြီး တိုက်ပွဲတိုင်းအောင်မြင်ကြပါစေ..။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-29_10-37-29-2.jpg?resize=640%2C454&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-29_10-37-29.jpg?resize=640%2C491&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-29_10-37-30-2.jpg?resize=640%2C493&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-29_10-37-30-3.jpg?resize=640%2C480&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-29_10-37-31.jpg?resize=640%2C480&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/viber_image_2024-01-27_18-22-07-758-1.jpg?resize=640%2C288&ssl=1)