စိန့်မာတင်ကျွန်းကို ပစ်ခတ်သည်မှာ ရခိုင်လက်နက်ကိုင် AA ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာဏာရပါတီဖြစ်သော အေဝါမီလိဂ်ပါတီ အတွင်းရေးမှူးဖြစ်သလို ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက် သွယ်ရေးနှင့်တံတားဝန်ကြီး အိုဘီယာဒေါ ကွာဒါက ပြီးခဲ့သောရက်ပိုင်းတွင်ဖြစ်ပွားခဲ့သော စိန့်မာတင်ကျွန်းရှိ အစားအစာတင်ဆောင်လာသောသင်္ဘောများကို ပစ်ခတ်မှုသည် ရခိုင်လက်နက်ကိုင် AA အဖွဲ၏လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက်သွယ်ရေးနှင့်တံတားဝန်ကြီး  ကွာဒါက” စိန့်မာတင်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေဟာ ရခိုင်လက်နက်ကိုင် AA ရဲ့ လက်ချက်ဖြစ်ပါတယ်။ မြန်မာအစိုးရတပ်ဖွဲတွေ လုပ်ဆောင်တာမျိုးမဟုတ်ပါဘူး” ဟုပြောပါတယ်။

စိန့်မာတင်ကျွန်းတွင် ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသအခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။