ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေခံပညာကျောင်းများတွင် ယနေ့ မေလ ၂၃ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
လာမည့် ဇွန်လ ၃ ရက်နေ့တွင် အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ KGတန်းမှ Grade-12 အတန်းများထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့ ကျောင်းမဖွင့်မီကာလအထိ သတ်မှတ်ထားပါတယ်။
ဒါကြောင့်မို့ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်နိုင်စေရေး ဆရာမိဘပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/05/photo_2024-05-23_15-26-05.jpg?w=640&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/05/photo_2024-05-23_15-26-06.jpg?resize=640%2C427&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/05/photo_2024-05-23_15-26-07.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/05/photo_2024-05-23_15-28-21-2.jpg?resize=640%2C479&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/05/photo_2024-05-23_15-28-21.jpg?resize=640%2C479&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/05/photo_2024-05-23_15-28-22.jpg?resize=640%2C479&ssl=1)