ကျုံအိတ်တံတားပြင်ဆင်ခြင်းလုပ်ငန်းများပြန်လည်ဆောင်ရွက်နေ

၂၀၂၄ ခုနှစ် မေလ ၁၆ ရက် နေ့လည်ပိုင်းတွင် ဘီးလင်းမြိုနှင့် သထုံမြိုကြားရှိ မိုင်းခွဲခံရသော ကျုံအိတ်တံတားအား ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မြေသားလုပ်ငန်းများ စတင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ယခုလတ်တလော ကားလေးများကတော့ တံတားကျိုးပေါ်က ခက်ခက်ခဲခဲ ဖြတ်သွားလို့ရသောလည်း ကားကြီးများကတော့ဖြတ်သန်းသွားလာလို့မရသေးဘူးလို့သိရပါတယ်။

အဆိုပါတံတားမိုင်းခွဲဖျက်ဆီးခံရတဲ့အတွက် မော်လမြိုင်လမ်းကြောင်းတစ်လျှောက်သွားလာနေကြတဲ့ ခရီးသွားမိဘပြည်သူများ တော်တော်ဒုက္ခရောက်နေကြတယ်လို့လည်းသိရပါတယ်။