![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/viber_image_2023-03-23_20-19-50-855.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/viber_image_2023-03-23_20-19-51-451.jpg?resize=640%2C426&ssl=1)
ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ဆေးကုသမှုဆိုင်ရာရောဂါ ၅၁ ဦး၊ ခွဲစိတ်ရောဂါ ၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃ ဦး၊ ကလေးရောဂါ ၅ ဦး၊ အရိုးရောဂါ ၁၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅ ဦး၊ မျက်စိရောဂါ ၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့်စမ်းသပ် စစ်ဆေးလူနာ ၄ ဦးနှင့် ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၆ ဦးစုစုပေါင်း ၁၀၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။