ကမ်းရိုးတန်းတစ်လျှောက် လေအားလျှပ်စစ်စီမံကိန်းများအကောင်အထည်ဖော်မည်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် လေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်က ပြောပါတယ်။

တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ်တွင် ထိုသိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ထိုကဲ့သို ဆောင်ရွက်နိုင်ရန်အတွက် နစကအနေဖြင့် တရုတ်၊ ရုရှားနိုင်ငံတိုနှင့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလျှပ်စစ်ဓာတ်အား ဖူလုံမှုအပြည့်အဝရရှိစေရန် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်ထားကာ လုပ်ဆောင်နေကြောင်းလည်း ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။