Viber အက်ပ်လီကေးရှင်းကို Playstore မှ Download မရတာ နည်းပညာကြောင့်သာဖြစ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံအပြားမှာ Google playstore ကနေ Viber application ဆော့ဝဲပျောက်သွားပြီး ဒေါင်းလုဒ် (Download )လုပ်မရတဲ့ပြဿနာဖြစ်ပွားခဲ့ပြီးနောက် Google Play Store မှာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် ဒေါင်းလုဒ်ယာယီပြုလုပ်နိုင်မှာမဟုတ်ကြောင်း Viber က အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီပြဿနာကို မဖြေရှင်းနိုင်ခင်အထိ Viber.com သိုမဟုတ် အခြား အက်ပ်လီကေးရှင်းစတိုးတွေမှာ ဒေါင်းလုဒ်ရယူနိုင်တယ် လိုလည်း ထုတ်ပြန်ကြေငြာထားပါတယ်။

Facebook အသုံးပြုမှု အဆင်မပြေတော့လို Viber ဘက်ဦးလှည့်လာခဲ့ကြတဲ့ အွန်လိုင်း စီးပွားရေးလုပ်ကိုင်သူတွေအကြား စိုးရိမ်မှုတွေရှိနေကြတယ်လိုလည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမယ်လို အဆိုပါ Viber App ကို Google Playstore ကသာဒေါင်းလုဒ်လုပ်လိုမရတာဖြစ်ပြီး အခြား အက်ပ်လီကေးရှင်းတွေဒေါင်းလုဒ်လုပ်လိုရတဲ့ hwawei gallery ၊ APK Pure ၊ Viber ဝက်ဘ်ဆိုက်အပါအဝင် အခြား အက်ပ်လီကေးရှင်းစတိုးတွေမှာဒေါင်းလိုရနေတယ်လိုသိရပါတယ်။