အေပြီလ ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် ခန္တီးမြို့နယ် လောင်ငေါက်ကျေးရွာအဝင် ဆုံဆည်းရာ စားသောက်ဆိုင်အနီးတွင် NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှ ဒုခေါင်းဆောင်အဆင့်ရှိ ရှန်းခန်းအောင်(ခ)ရှန်းမောင် ဦးစီး ၂ ဦးသည် ပြည်သူများသွားလာနေသောလမ်းပေါ်ရှိ မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်အတွင်း NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှ
-အကြမ်းဖက် ၁ လောင်း
-အမ်အေ-၅ ပစ္စတို ၁ လက်
-ကျည်အိမ် ၁ ခု
-၉မမ ကျည် ၄ တောင့်
-နိုင်ငံသားစိစစ်ရေးကတ် ၁ ခု
-ငွေ ၇၀၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/04/photo_2024-04-02_21-18-40-2.jpg?resize=640%2C288&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/04/photo_2024-04-02_21-18-40-3.jpg?resize=640%2C289&ssl=1)