Breaking News‼️‼️‼️

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ မလိယန်စခန်း ၊ သံခမောက်စခန်း၊ တာပိန်ကြိုးတံတားနဲ့ မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၅ နာရီချိန်မှစပြီး KIA/PDF အကြမ်းဖက်သမားများက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိပါတယ်။

မိမိဘက်မှ လေကြောင်းပစ်ကူယူပြီး အပြင်းအထန် ခုခံလျက်ရှိရာ KIA အဖွဲ့မှ မိုးမောက်မြိုအား သိမ်းပိုက်ပြီးပါက ဗန်းမော်မြိုသို့ ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရပါတယ် ။

မိုးမောက်မြိုဟာ ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းပေါ်ရှိ အချက်အခြာကျတဲ့ မြို့ဖြစ်ပြီး KIA တပ်မဟာ ၃ ဌာနချုပ် မိုင်ဂျာယန်မြို့သို သွားရောက်နိုင်သည့် လမ်းကြောင်းပေါ်မှာလည်း ရှိပါတယ်။

KIA မှ မိမိတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ် ထိရောက်စွာ ဟန့်တားနိုင်ရန် KIA ဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပိုစ်၊ မိုင်ဂျာယန် တိုကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်သွားရန် လိုအပ်ကြောင်း ဗန်းမော်မြို့သူ/သား များမှ တောင်းဆိုလျက်ရှိကြောင်း သိရှိရပါတယ်။ #Crd