အီရန်လုပ် အသေခံဒရုန်း Shahed-136

လတ်တလော ရုရှားစစ်တပ်ဟာ ယူကရိန်းကို ဖျက်ဆီးဖို့ စိတ်ကြိုက်သုံးနေရတဲ့ ဒရုန်းအမျိုးအစား ဖြစ်ပါတယ်။ ထရပ်ကားတပ် လောင်ချာပစ်စင်ကနေ ၅ စင်းအပြိုင် ပစ်ခတ်နိုင်ပြီး အနိမ့်ပျံသွားလို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ရေဒါတွေကို ရှောင်နိုင်ပါတယ်။

မြင်းကောင်ရေ ၅၀ အားရှိတဲ့အင်ဂျင်စက်တပ်ထားပြီး ၁ နာရီကို ၁၈၅ ကီလိုမီတာ ပြေးကာ ၁၀၀၀ ကီလိုမီတာအဝေးက ပစ်မှတ်ဆီ သွားရောက်ကာ အသေခံတိုက်ခိုက်ပေးနိုင်ပါသတဲ့။ ပစ်မှတ်ဟာ အဆောက်အအုံတွေလို အသေနေရာဖြစ်ဖို့လိုပြီး ဒရုန်းမှာ GPS ordinate ရိုက်ထည့်ပေးလိုက်ရပါတယ်။

သူ့ရဲ့အဓိကအားသာချက်ဟာ ဒေါ်လာ ၂၀,၀၀၀ ပဲတန်လို့ သာမန်ဒုံးကျည်တွေထက်စာရင် စျေးပေါလွန်းနေပါတယ်။ ရုရှားစစ်တပ်သုံးနေကျ ဒုံးကျည်တစင်းတန်ဖိုးဟာ ဒေါ်လာ ၁ သန်းကနေ ၆ သန်းခွဲအထိ တန်ကျေးရှိပါတယ်။ 😎

ref: scmp
#FrancisZin
#အသေခံဒရုန်း #Shahed136