ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီး နားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မကိုင်ဒိန်း(ခ)အားကိုင် သယ်ဆောင်လာသော မွေ့ရာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၆၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ #Crd
ဆက်စပ်အကြောင်းအရာများ
KNU/PDF များမှ ကျောက်ကြီး-မုန်းဒေသလမ်းရှိ ဒုံးတိုကျေးရွာအနီးရှိ ရေပိုက်ပြွန်တံတားတစ်စင်းအား မိုင်းထောင်ဖျက်စီး
- Admin
- January 9, 2023
ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း၊ကျောက်ကြီးမြိုနယ်၊မအူဆိပ်ကျေးရွာအုပ်စု၊ ကျောက်ကြီး-မုန်းဒေသ လမ်းရှိ ဒုံးတိုကျေးရွာအနီးရှိ ရေပိုက်ပြွန် တံတားတစ်စင်းကို KNU/PDF အကြမ်းဖက်အဖွဲက မိုင်းခွဲ ဖျက်ဆီးသွားပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် တော်လှန်ရေးဆိုသည့် ခေါင်းစဉ်တပ်ကာ […]
မိုင်းထောင်နေရင်းပေါက်ကွဲမှုကြောင့်CNDFဆလိုင်းငွန်ဇလျန်ကိမ်း သေဆုံး
- Admin
- May 9, 2023
CNDFဆလိုင်းငွန်ဇလျန်ကိမ်း (၂၁နှစ်)ဟာမိုင်းထောင်နေရင်း ကိုယ့်မိုင်းကိုတက်နင်းမိတာကြောင့်တစ်စစီဖြစ်သေဆုံးသွားခဲ့ပြီး CNDF ၃ ဦးလည်းဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
မန္တလေးတွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိ
- Admin
- December 21, 2023
မန္တလေးမြို့ပေါ်၌ အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည့် နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ PDF အကြမ်းဖက်သမား အမြောက်အများအား လက်နက်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။