ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မုံရွာမြို၊ ရန်ကင်းရပ်ကွက်နေ ဦးအောင်အောင် (၄၂ နှစ်)၊ (အိမ်ခြံမြေ အကျိုး ဆောင်)နှင့် ဇနီးဖြစ်သူ ဒေါ်မိုးမိုးသက်(၄၃ နှစ်)၊ ဦးကျော်နေထွန်း (၃၈ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်သင်းသင်းထွေး(၃၇ နှစ်)တို့ ၄ ဦးသည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအမျိုးသား ၄ ဦးမှ HONDA FIT မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး လက်နက်များကိုင်ဆောင်ကာ နေအိမ် အတွင်းသို့ ဝင်ရောက်၍ ဦးအောင်အောင်တို့ ၄ ဦးအား နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်း၌ စုထိုင်ခိုင်း၍ “အော်ရင်သတ်ပစ်မည်”ဟု ခြိမ်း ခြောက်ပြောဆိုကာ နေအိမ်အပေါ် ထပ်ရှိ အိပ်ခန်းအတွင်းမှ ငွေကျပ် ၂၀၀ သိန်း၊ Alexandre Christie နာရီ ၃ လုံးအပါအဝင် စုစုပေါင်းနာရီ ၈ လုံး၊ iphone အမျိုးအစား လက်ကိုင်ဖုန်း ၅ လုံးနှင့် SAMSUNG အမျိုးအစား လက် ကိုင်ဖုန်း ၁ လုံး၊ CLICK အမျိုးအ စားဆိုင်ကယ် ၁ စီးတို့ အား လုယက်ယူဆောင်ကာ ဒေါ်သင်းသင်းထွေးအားဖမ်းဆီးခေါင်ဆောင်သွားပြီး ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်မောင်းထွက်စဉ် ဒေါ်သင်းသင်းထွေးမှာ ကားပေါ်မှခုန်ချခဲ့ကြောင်း သိရပါတယ်။ #Crd
ဆက်စပ်အကြောင်းအရာများ
မွန်ပြည်နယ်၊ ခေါဇာမြို့တွင်း ပစ်ခတ်မှုဖြစ်ပွား
- အေးခင်
- October 4, 2022
အောက်တိုဘာ ၃ ရက် မွန်ပြည်နယ်၊ ရေးမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ငွေထုတ်ပြီး ပြန်လာသည့် တပ်မတော်ဘက်က အရာရှိ ၁ ဦး အပါအဝင် စစ်သည် ၈ […]
တိုက်ပွဲသတင်း
- ပုည
- September 25, 2023
မုံရွာမြို့နယ် နဂါးတွင်းကျေးရွာအနီး အကြမ်းဖက် PDF များ၏ စခန်းအား သွားရောက်တိုက်ခိုက်ရာ PDFအကြမ်းဖက်များ ထွက်ပြေးသွားပြီး စခန်းအတွင်းမှ-လူနေတဲ ၂ လုံး-လက်လုပ်သေနတ် ၁ လက်-လက်လုပ်ကျည်အိမ် ၂ […]
ခင်မွန်ကျေးရွာအနီးတွင် အလောင်းလက်နက်များရရှိ
- ပုည
- November 5, 2023
နိုဝင်ဘာလ ၄ ရက် နံနက် ၆ နာရီခန့်တွင် ချောင်းဦးမြို့ နယ် ခင်မွန်ကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် PDF အကြမ်း […]