ယခုလတ်တလော တပ်မတော်နှင့် အကြမ်းဖက်သမားများတို့ရဲ့ တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်အားပေး မီဒီယာများအနေဖြင့် တပ်မတော်ဘက်က အများအပြားကျဆုံးသရောင် ရေးသားဖြန့်ဝေနေကြပြီး ပြည်သူထုအတွင်းသို့ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိပါတယ်။ အကြောင်းအရင်းကတော့ တပ်မတော်က အကြမ်းဖက်သမားများ၏ အလောင်းများကို အချိန်မီဖော်ပြနိုင်ခြင်းမရှိတာကို အကြောင်းပြပြီး ၎င်းအပေါ်တွင် အမြတ်ထုတ်ရေးသားနေခြင်းသာ ဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်း အကြမ်းဖက်သမားများအနေဖြင့် အကျအဆုံးများပြားလျက်ရှိ ၎င်းတို့၏ အလောင်းတွေကိုမရရှိရခြင်းအကြောင်းတရားကရှိနေပါတယ်..အဆိုပါအချက်ကတော့ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏အကျအဆုံးများနေတဲ့အလောင်းတွေ လူမှုကွန်ယက်ပေါ်ရောက်ရှိလာပါက အဖွဲ့အတွင်းစိတ်ဓာတ်ကျဆင်းပြီးတိုက်လိုခိုက်လိစိတ်နည်းပါးလာမည်ကို စိုးရိမ်နေရခြင်း၊ အားပေးအားမြောက်ပြုသူများ၏ အထောက်အပံ့များမရရှိမှာကို စိုးရိမ်ခြင်း၊ ၎င်းတို့အကျအဆုံးမရှိကြောင်းကို လူမှုကွန်ယက်များတွင် ဖြန့်ဝေရန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဆိုပါ အကြမ်းဖက်သမားများအနေဖြင့် အလောင်းများအား မရမကပြန်လည်ဆွဲထုတ်ဖို့ အလောင်းဆွဲအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ တစ်ချို့သော ပြန်မဆွဲနိုင်သည့် အလောင်းများကိုတော့ ကျောက်မဲတွင် ဖြစ်ပေါ်ခဲ့သည့် ပုံစံအတိုင်း အလောင်းဖျောက်ဖျက်ခြင်းများကို ဆောင်ရွက်နေကြပါတယ်။ သူတို့လူတွေ သေဆုံး/ဒဏ်ရာရနေတာတွေကို ဖုံးကွယ်ချင်ပေမယ့်လည်း နောက်ဆုံးမှာတော့ မဖုံးနိုင် မဖိနိုင် ကျောက်မဲကိစ္စလို ဘူးပေါ်သလို ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီလို မပေါ်လာရင်တောင် သူတို့ရဲ့ အကြမ်းဖက်သင်္ချိုင်းမြေနေရာလေးတွေမှာတော့ အလောင်းလေတွေပြည့် ဂူတွေပြည့်လာတာကြောင့် သင်္ချိုင်းမြေလိုအပ်မှုတွေရှိနေသဖြင့် တောင်သူတွေထံမှ မြေတွေအဓမ္မဝယ်ယူနေတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တိုက်ပွဲဖြစ်စဉ်တွေမှာ အကြမ်းဖက်တို့ရဲ့ အလောင်းတွေမတွေ့ရလို့ သူတို့မသေကြဘူးလား ထင်နေကြမှာစိုးလို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ အကြမ်းဖက်တွေအနေနဲ့ လူဘဝမှာတောင် ကောင်းကောင်းမွန်မွန်နေရတာမဟုတ် သေတာတောင် လူသိမခံသေနေကြရတဲ့ ဘဝတွေ ဖြစ်နေပါပြီ….
ဆက်စပ်အကြောင်းအရာများ
PDF များရဲ့ စခန်းအား တပ်မတော်ကဝင်ရောက်ရှင်းလင်းရာ အလောင်းလက်နက်ရရှိ
- အေးခင်
- January 2, 2023
ဒီဇင်ဘာ ၃၀ ရက်စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နိဗ္ဗန်ဝရွာအနီးPDF အကြမ်းဖက်သမားများ စခန်းပြုလုပ်ခိုအောင်းနေထိုင်ကြောင်းသတင်းရရှိသဖြင့်တပ်မတော်ဘက်မှ ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမား ၇ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး–လက်လုပ်သေနတ် ၈ […]
တိုက်ပွဲသတင်း
- ပုည
- May 29, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာအနီးတွင် PDF နှင့် လက်လုပ်သေနတ် ၁ လက် သိမ်းဆည်းရရှိ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် အဖျက်အမှောင့် […]
ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတောင်ဘက်၌ တိုက်ပွဲဖြစ်ပွား
- အေးခင်
- October 28, 2022
အောက်တိုဘာ ၂၇ ရက် စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတောင်ဘက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ PDF အကြမ်းဖက်သမားအင်အား ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ- -PDF အကြမ်းဖက်သမား ၁ […]