နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ရာမှ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေများသို့ အပန်းဖြေခရီးစဉ်အား (ဒုတိယအကြိမ်) အဖြစ် ပို့ဆောင်ပေးခဲ့ပါတယ်။ ကမ်းခြေများသို့ မပို့ဆောင်ခင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တိရစ္ဆာန်ဥယာဉ်များသို့ ပို့ဆောင်ပေးခဲ့ပြီး ကမ်းခြေသို့ ရောက်ရှိစဉ်အချိန်မှာလည်း အားကစားပြိုင်ပွဲများ ပြုလုပ်ပေးလျှက်ရှိတာမို့ အရာရှိ.စစ်သည်များအနေနဲ့ စိတ်ပင်ပန်းမှုတွေပြေပျောက်ပြီး ပျော်ရွင်ဝမ်းသာစွာ ယှဉ်ပြိုင်လျက်ရှိပါတယ်။သက်ဆိုင်ရာ တိုင်းအလိုက် တိုင်းမှူးများမှလည်းအရာရှိ/စစ်သည်များကို နွေထွေးစွာကြိုဆိုခဲ့ကြပြီး ဒေသထွက်ပစ္စည်းများအားပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
စစ်သည်မိသားစုဝင်များရဲ့ ကထိန်အလှူပွဲတော်
- Admin
- November 4, 2022
က.. ကထိန်ပွဲ…ဆင်နွဲ.. တို့ ရိုးရာပွဲ.
ဂျူဒို အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲမှာ တံခွန်စိုက်ဒိုင်းဆု ရရှိသူများအား ဂုဏ်ပြုချီးမြှင့်
- ပုည
- December 8, 2022
ဂျူဒို အမျိုးသား / အမျိုးသမီး ပြိုင်ပွဲမှာ တံခွန်စိုက်ဒိုင်းရလာတဲ့ ပြိုင်ပွဲဝင်များကို ဒီဇင်ဘာလ ၈ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ဖွင့်လှစ်သွားမည်
- ပုည
- December 17, 2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြိုနယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ တစ်ဆက်တည်း ဖွင့်လှစ်သွားမည်ကြောင်း သိရပါတယ်။