အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ပေါက်ကွဲစေသည့် အဆင့်မြင့်ပစ္စည်းများအိန္ဒိယရူပီး (၁ ဒသမ ၅)သန်းကျော်ဖိုးဖမ်းမိ

အိန္ဒိယနိုင်ငံ အာသံပြည်နယ် လုံခြုံရေးတပ်ဖွဲဝင်များသည် မြန်မာနိုင်ငံသား (၅)ဦး၊ အိန္ဒိယနိုင်ငံသား (၂)ဦး အပါအဝင် (၇) ဦးကို စက်တင်ဘာလ ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အိန္ဒိယသတင်းများကဖော်ပြထားပါတယ်။
၎င်းတိုသည် မြန်မာနိုင်ငံရှိ လုံခြုံရေးတပ်ဖွဲများနှင့် တိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်ဖွဲများအတွက် ပေါက်ကွဲစေသည့် အဆင့်မြင့်ပစ္စည်းများ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲက ရရှိထားသည့်သတင်းအချက်များကို အခြေခံပြီး အာသံလုံခြုံရေးတပ်ဖွဲ နှင့် Siaha ရဲတပ်ဖွဲတိုပူးပေါင်းပြီး ဖမ်ဆီးနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကာ Niawthlang ရွာအနီးတွင် ကားနှစ်စီးကို ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။Siaha ဒေသသည် မြန်မာနိုင်ငံရှိ ချင်းပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေရာ ၎င်းတိုထံမှ လေသေနတ်များ၊ ကျည်ဆံများ၊ ရေဒီယိုဆက်သွယ်ရေးစက်များ၊ လက်အိတ်များ၊ ယူနီဖောင်းများ၊ ဖိနပ်များနှင့်အတူ အိန္ဒိယရူပီး (၁ ဒသမ ၅)သန်းကျော်ဖမ်းမိခဲ့ကြောင်း အာသံပြည်နယ်လုံခြုံရေးတပ်ဖွဲက ဆိုထားကြောင်းသိရှိရပါတယ်။