နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးသည် ကမ္ဘာပေါ်တွင်အကြီးဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ထုလုပ်ပူဇော်စဉ်ကစပြီး အနယ်နယ်အရပ်ရပ်မှ စေတနာရှင်မိဘပြည်သူများက တတ်စွမ်းသရွှေ့လှူဒန်းနေကြတာဟာဗုဒ္ဓဘာဝင်များသာမက မြန်မာပြည်သူအားလုံးကပါ သာဓုအဒုမောဒနာ ခေါ်ဆိုနေကြရတာပဲဖြစ်ပါတယ်။ လှူဒန်းပူဇော်ခြင်းဆိုတာဟာလည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမြဲပြုလုပ်နေကြလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူအများစုဟာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများသာ ဖြစ်ပါတယ်။ ဒီလိုဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်နေတဲ့ မြန်မာပြည်မှာ အနောက်အုပ်စုအလိုကျ လိုက်ပါလုပ်ဆောင်ပြီး သာသနာကိုပျောက်ကွယ်အောင်/မှေးမှန်အောင်လုပ်နေတဲ့ ခေတ်သစ် မာရ်နတ်များလည်း ရှိလို့နေပါတယ်။ ဇွန်လ ၂၉ ရက်နေ့တွင် အလှူရှင် ၁၀၁ ဦးက အလှူငွေ ၁၆၁၇၇ သန်း ကို အစိုးရနဲ့ ပူးပေါင်းပြီး သာသနာတော်ပြန့်ပွားရေးဆောင်ရွက်ခဲ့ပါတယ်။ ဒါကို ခေတ်သစ် မာရ်နတ်/ NUG/PDF တို့က ဘုရားတည်ကုသိုလ်ပြုတာကို အလှူငွေများ လှူရကောင်းလားဆိုပြီး ဝေဖန်တိုက်ခိုက်နေကြတာပါ။ တော်လှန်ရေးဆိုကာ ဘုရားသားတော်တွေကို သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို စစ်ရေးအကာအကွယ်ပြုလုပ်ခြင်း များကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေကြပါတယ်။ ဒီတော့ အကယ်၍များ သူတို့တွေဆီသာ အုပ်ချုပ်မှုအာဏာများ ရသွားခဲ့ရင် မြန်မာနိုင်ငံရဲ့ သာသနာတော်ကြီးဟာ မှေးမှိန်ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရပါတယ်။ ဒီတော့ သာသနာပြုမင်းနဲ့ သာသနာတော်ကို ချစ်မြတ်နိုးသူတွေ များများပေါ်ပေါက်ပါစေကြောင်း ဆုတောင်းရင်း..
ဆက်စပ်အကြောင်းအရာများ
KIA တွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူတစ်ဦး အလင်းဝင်
- အေးခင်
- May 18, 2023
KIA တပ်မဟာ(၅)တွင် အကြမ်းဖက်သင်တန်း ၃ လတက်ရောက်ခဲ့သော PDF တစ်ဦး မေလ ၁၇ ရက်တွင် ဗန်းမော်မြို ၌ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် […]
PDF အကြမ်းဖက်သမားတေက……
- မယ်ခွေ
- October 16, 2022
တီးတိန်မြို့မှ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီး သည်တင်မော်တော်ယာဉ်အား လက်လုပ်မိုင်းများဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် […]
ရွှေဘိုမြို့နယ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၂၅ ဦး သေဆုံးတဲ့ သတင်းအမှား
- ရှင်ယွန်း
- February 24, 2023
ဖေဖော်ဝါရီ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို မီးရှို့နေသော တပ်မတော်တပ်ဖွဲ့ဝင်များကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုမှာ စစ်သား ၂၅ ဦးသေဆုံးခဲ့တယ်လို […]