ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၊ ဟံသာမုနိဘုရားကြီးကျောင်းရှိ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀) ပြည့်ပွဲတော်အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး ကျောင်း၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒစရိယ၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ သာသနာ ဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့ အဖွဲ့ချုပ်ဉက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
ဗြောက်အိုး ၊ မီးရှူးမီးပန်းများ ရောင်းချ/ပစ်လွှတ်ခြင်း မပြုရန် တားမြစ်သည့်အမိန့်များ ထုတ်ပြန်
- အေးခင်
- December 30, 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ နှစ်သစ်ကူးကာလမှာ ဗြောက်အိုး၊ မီးရှူးမီးပန်းနှင့် မီးဒုံး(ရှူးဒိုင်း)များ ထုတ် လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်လွှတ်ခြင်း၊ ပစ်ဖောက်ကစားခြင်းများ မပြုရန် တားမြစ်သည့်အမိန့်များ ထုတ်ပြန်ထားကြောင်း […]
အခြေအနေချင်း မတူလျှင် အကျိုးပေးတာချင်းလည်း မတူနိုင်ဘူး
- အေးခင်
- January 18, 2024
“ကဿပဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးသည် အနှစ်နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့သော်လည်း သေခါနီး၌ မြက်ပင်ကို မတော်တဆ နှုတ်မိသော ဝိနည်းဖြစ်ကိုအမှတ်ရ၍ ဘုရားနှစ်ဆူကြား ကာလပတ်လုံး နဂါးဖြစ်ရခြင်း၊ မလ္လိကာမိဖုရား သေခါနီး၌ ကောသလမင်းကြီးအား […]
ယနေ့ စက်သုံးဆီဈေးနူန်း
- ပုည
- December 1, 2023
၁-၁၂ -၂၀၂၃ ရက်နေ့ စက်သုံးဆီဈေးနူန်းများကို တင်ဆက်ပေးလိုက်ပါတယ်ရှင်