၂၀၂၃ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၉ နာရီ ချိန်တွင်တောင်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအား တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လင်းသီဟကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ရေး အလိုင်းမင်းအဖွဲ့ခေါင်းဆောင် ဦးလှမြင့်၊ ကိုအောင်ကိုကို တို့ ပါဝင်သော အဖွဲ့ သည် လျှပ်စစ်ဓာတ်မီးတိုင်၌ လျှပ်စစ်ဓာတ်အားလိုင်းဖော့စ်ဖြစ်နေမှုအား ပြင်ဆင်ရန်အတွက် ၎င်းအဖွဲ့မှ အလိုင်းမင်း ဦးအောင်ကိုကို(ကိုယ်ရေးစိစစ်ဆဲ)မှ အဆိုပါလျှပ်စစ်ဓာတ်မီးတိုင် အစုံလိုင်း၏ လျှပ်စစ်ဓာတ်မီးတိုင်ပေါ်သို့ တက်ရောက်၍ ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ ၀၉၂၀ နာရီတွင် လျှပ်စစ်ဓာတ်လိုက်၍ ၎င်း၏ခြေထောက်(၂)ချောင်း နှင့် ခန္ဓာကိုယ်အား ဓာတ်လိုက်၍ ဓာတ်မီးတိုင်၌ လျှပ်စစ်ဓာတ်ကြိုးများကြားညှပ်ခဲ့သဖြင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဝန်ထမ်းများ၊ လင်းသီဟကုမ္ပဏီမှ ဝန်ထမ်းများ၊ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့ မှူး၊ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ကြက်ခြေ နီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ရောက်ရှိ၍ ၀၉၄၀ နာရီမှစတင်၍ ၎င်းလျှပ်စစ် ဓာတ်လိုက်ခံရသူအား လျှပ်စစ်ဓာတ်မီးတိုင်ပေါ်မှ ဝိုင်းဝန်းကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၁၀၃၅ ချိန် ကယ်ဆယ်ရရှိခဲ့ပြီး ကြက်ခြေနီလူနာ တင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့၍ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ စဝ်စံထွန်းဆေးရုံသို့ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသ မှုများ ခံယူစေလျက်ရှိကြောင်းသိရှိရပါတယ်….
ဆက်စပ်အကြောင်းအရာများ
တနင်္သာရီတိုင်းဒေသကြီးရှိ မြို့များတွင် နယ်မြေခံတပ်မတော်သားများက စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့
- ပုည
- October 4, 2022
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့၊ ပလောက်မြို့၊ မြိတ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များ၌ နယ်မြေခံ တပ်မတော်သားများက အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့တယ်လို့ သိရှိရပါတယ်။
သိထားရင်သက်သာပါတယ်
- အေးခင်
- February 19, 2024
တွေ့ဆုံသမျှတွေကခွဲခွာရဖို့အတွက်သာဖြစ်တယ် ။ ဝေနေသမျှတွေကကြွေကျဖို့အတွက်သာဖြစ်တယ် ။ ဖြစ်လာသမျှတွေကပျက်ကြဖို့အတွက်သာဖြစ်တယ် ။ သစ်နေသမျှတွေကဟောင်းဖို့အတွက်သာဖြစ်တယ် ။ သန်မာနေသမျှတွေကယိုင်လဲဖို့အတွက်သာဖြစ်တယ် ။ မှားယွင်းမှုတွေကပြုပြင်သင်္ခန်းစာယူဖို့သာဖြစ်တယ် ။ မှန်ကန်မှုတွေကသိပြီးကျင့်ဖိုအတွက်သာဖြစ်တယ် ။ မကောင်းမှုတွေကဆင်းရဲဖို့အတွက်သာဖြစ်တယ် […]
ဗထူးတပ်နယ်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်
- Admin
- May 13, 2023
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ရှိ တပ်နယ် (ဗထူး) မှ ကျောင်း/တပ်၊ ဌာနဆိုင်ရာများစုပေါင်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆောင်ရွက်မည့် လူ/လက်နက်/ပစ္စည်း ဖွဲ့စည်းထားရှိမှု အခြေအနေ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့မှုများ ဖြစ်ပါတယ်။