ဒီဇင်ဘာ ၈ရက်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ ဧရာဝတီတိုင်းကနေ ရန်ကုန်သို့ တင်ပို့တဲ့ ကုန်တင်ကားတွေပေါ်တက် အုပ်စုဖွဲ့လုယက်နေတဲ့ ၆ ဦးအဖွဲ့ ၁ ဖွဲ့ကို ရဲတွေက ဖမ်းမိခဲ့တယ်လို့ ကုန်ကားမောင်းတဲ့ ဧရာဝတီတိုင်းက ဒေသခံတစ်ဦးကပြောပါတယ်။ ရန်ကုန်-ညောင်တုန်း ၊လမ်းမကြီးပေါ်က ဘုရားလမ်း ထိပ်မီးပွိုင့် အနီးမှာ ကုန်ကားပေါ် တင်ဆေင်လာတဲ့ အာဗြဲခြောက် (ခေါ်)ငါးနှပ်ခြောက် အိတ်ကိုကားပေါ် တက်လုနေတဲ့ အချိန် ကင်းလှည့်နေတဲ့ ရဲတွေနဲ့တွေ့ပြီး ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ “ကုန်ကားပေါ်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို လုယက်နေတဲ့အချိန်ဖမ်းမိတာ ၊ ခြောက်ယောက်ပါတဲ့ အဖွဲ့လှိုင်သာယာဘက်ကပါ ၊ ကျန်တဲ့အဖွဲ့တွေလည်းရှိ နိုင်နေသေးတယ် ၊ အခုဖမ်းမိတဲ့ သူတွေကို ထိထိရောက် ရောက် အရေးယူစေချင်တယ် ၊ သူတို့က အတင့်ရဲလာ တယ် ၊ လုယက်နေတာကို တွေ့လည်း မပြောရဲကြဘူးလေ။ သတ်ခံရမှာကြောက်လို့ ဒါကို အခွင့်ကောင်းယူပြီး လုပ်နေတာ ၊ သူတို့က ဧရာဝတီတိုင်းဘက်က လာတဲ့ ကုန်ပစ္စည်းတွေကို အဓိကလုယက်တာ”လို့ သူကပြောပါတယ်။ လတ်တလော ဖမ်းမိထားတဲ့ လုယက်တဲ့အဖွဲ့ကအောင်ကို(ခ)ကုလား၊ ကိုဖြိုး၊ ကျော်သူရ၊ အောင်အောင်(ခ)ဝေလင်းအောင်၊ အောင်မျိုးမင်း၊ ခိုင်ရွှေဝါတို့ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို လှိုင်သာယာမြို့မရဲစခန်းမှာအမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မန်းရွှေစက်တော်
- ပုည
- January 7, 2023
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို သွားရောက်လည်ပတ်နိုင်စေဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်….
ဆင်ဖြူတော်တင်မကဘူး ကျွဲဖြူတော်ပါပေါ်ပြီ
- ပုည
- November 16, 2022
မောင်တောမြို့မှာ ထူးဆန်းတဲ့ ကျွဲဖြူတစ်ကောင်မွေးဖွားကြောင်း ဖေ့ဘုတ်တခွင်မှာ နာမည်ကြီးနေပါတယ်။
ဘက်တူရင် လူမရွေးတဲ့ လက်ဝှေ့ချန်ပီယံ
- Admin
- November 28, 2022
အောင်လအန်ဆန်းရဲ့ ချုပ်ကွက်ထက်….ပိုကောင်းတဲ့ ထိုးကွက်တွေနဲ့ ပြိုင်ဘက်ကို အနိုင်ယူသွားတဲ့ …fighter