မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တပိုတွဲလဆန်း ၅ ရက်) မှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးသို ဘုရားဖူးလာရောက်ကြမည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံး ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ရဟန်းရှင်လူ မိဘပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်းခိုဆောင်များ၌ စနစ်တကျ ညအိပ်တည်းခို နားနေခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ဘုရားဖူးလာရောက်ကြသူများအား လုံခြုံရေးအစီအမံများကို စနစ်တကျ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဘုရားပွဲတော်ကျင်းပမည့်နေရာများ၊ တည်းခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်ရန် နေရာသတ်မှတ်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး မန်းရွှေစက်တော် အောက်စက်တော်ရာ (ခြေတော်ရာ) အား ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်စေရန်အတွက် မန်းချောင်းတံတားကို ဘေလီသံပေါင်တံတားအဖြစ် အမှတ် (၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ၊ အင်ဂျင်နီယာတပ်မှ ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီ အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပိုတွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်း (၁) ရက်ထိ ရက်ပေါင်း (၈၀) ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။

ဘုရားဖူးသွားမယ့် သူများအတွက် နိဗ္ဗာန်အကျိုးမျှော်ပြီး ဖော်ပြပေးလိုက်ပါတယ်…….